ပါကေးခင်းခြင်း
မူလဖွဲ့စည်းမှုတွေထဲက ပေါ့ဆမှုနဲ့ပျင်းရိမှု
ကံအားလျော်စွာ ပထမစာကြောင်းကို အထက်ပါအတိုင်း
ကိုးကားထားတာတွေထဲက တင်ဆက်မှုဆိုတာအမျိုးမျိုးနဲ့
ကုန်စည်ဝန်ဆောင်မှုတွေကြား၊ အခြားပေးချေမှုတွေလို
ရွေးချယ်ခြင်းဟာ အရမ်းမျှော်လင့်လို့မရတဲ့ ရှင်ကိန်းသဘော
ထိုအခါ မျက်လုံးအတန်ငယ်ပြူးသွားရာမှ မျက်နှာတွင်
အပြုံးရိပ်သန်းလာတဲ့ အင်အားနည်းငလျင်တခု
အမှတ်မထင်ပြုလုပ်သွားတာကို မိမိတို့မသိလိုက်ဘူးပေါ့
ဖြစ်တည်မှုအိပ်ပျော်တဲ့အခါ လူဟာမနီးဘူးဖြစ်နိုင်တယ်
ပူဆွေးတောက်လောင်မှုတွေထဲက လင်းလက်နေတဲ့
ဘဝတဲ့လား
ဘာသာဘာဝ ပုတီးစိတ်နည်းတွေသင်ယူခဲ့စဉ်က တစ်လုံးချင်း
လိုက်မှတ်ရတဲ့ သက်ဆိုင်ရာစိတ်စောကြောမှု
အခြားဖွဲ့စည်းခြင်းတွေ
မိမိနဲ့စတင်လိုက်တယ် ပန်းတိုင်ပေါက်မြောက်မှသာ သူ့အလိုလို
ပြန်လာမှ၊ အချိန်မတန်သေးဘဲ ပေါက်ချလာမှ မဟုတ်ပါဘူး
သေချာပါတယ် ဒီအတောအတွင်း ဖုန်းဆက်ရင်
အိမ်ပြန်ဖို့ မပြန်ဖို့ကိစ္စ၊
ကိစ္စတွေ ဘာမှမပြောဘဲ ဇက်ကြောမတက်ရေးကိုသာ
အဓိက ပေးလိုက်ပါတယ်၊
အနာဂတ်အခြေပြ တတိယနဲ့ စတုတ္ထကွက်လပ်
ဖလားနံပတ်ကို ကိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်နေတဲ့
ဝပြောပြည့်စုံမှု၊ ပူးတွဲခြင်းထဲ အချက်အလက်အပြင်မှာ မဖွင့်လို့
ဘာမှမတွေ့ရဘူး၊
အခြားပြစ်မှု ဖြစ်တတ်တာတွေရဲ့ လိုင်းခွဲတိုင်းမှာ
ရွေးချယ်ခြင်းဟာ ဖျူးစ်၊ လိုအပ်ရင်
သူက ဦးဆုံးဖြတ်တောက်ပေးရတယ်
ဖျူးစ် ဟာ အရမ်းတင်းမာနေရင် လျှပ်စီးကူးပြီး ရှော့ခ်ရှိတယ်
ဝါယာ တဆက်တည်းပဲ
စောကြောမေးမြန်းမှုပြုလိုက်ပါတော့မယ်
ညှော်နံ့
ပိုက်ဆံဖြုန်းရန်မဟုတ်ဘဲ ဖျူးစ်တွေနဲ့ ဖူးသစ်ခြင်းပါ
ဒီစာကြောင်းကိုတော့ ဘာမှမပြုလုပ်လိုတော့ဘူး ... ဖျူးစ်
ကျွန်တော်တို့အရှိတရားထံပါး ပြန်သွားကြရန်
ကိုယ့်မှာ ဘာမှလည်း
မရှိဘူးဆိုရင် မျက်ရည်တွေကျနေတဲ့စက်လိုအထပ်ထပ်
ပြုပြင်ပြောင်းလဲခံစားမှုကြီး သတိထားမိရင် ပြန်မတ်သွားတယ်
မပြောပါနဲ့မပြောပါနဲ့ပြော ပြော နေရတဲ့ ပြောသာပြော
ဖျူးစ်အသစ်လဲရမယ်၊ ကိုစိန်သာ ကဗျာရေးသူမဖြစ်ခဲ့ရင်ပေါ့
အစွန်းရောက် နှစ်ကောင်ကွေးသွားရင်
သုညတစ်လုံးထပ်တိုးလာတယ်
မိမိရဲ့ တစုံတရာ တစ်စချင်းဆီကနေ ပုံစံဒီဇိုင်းဆင်ထားတဲ့
ပါကေးခင်းခြင်းဖြစ်ပါစေ။ ။
ဝင်းမြင့်
Tuesday, January 18, 2011
လွတ်လပ်ရေးနေ့ကဗျာ - ၁၁
လွတ်လပ်ရေး
တနေကုန်လို့
တမိုးလည်းချုပ်ခဲ့ပြီ
သောင်စပ်မှာ
မောင်ရပ်နေခဲ့လေသည်လား
သောင်ကမ်းမှာ
မောင်လွမ်းနေခဲ့လေသလား
လွတ်လပ်ရေးတဲ့
မလွတ်လပ်သေးတဲ့ ပန်းကလေးရေ
စမ်းချောင်းလေး
တေးသီရကြာ
မောလှပေါ့ ...။
လူအိမ်
တနေကုန်လို့
တမိုးလည်းချုပ်ခဲ့ပြီ
သောင်စပ်မှာ
မောင်ရပ်နေခဲ့လေသည်လား
သောင်ကမ်းမှာ
မောင်လွမ်းနေခဲ့လေသလား
လွတ်လပ်ရေးတဲ့
မလွတ်လပ်သေးတဲ့ ပန်းကလေးရေ
စမ်းချောင်းလေး
တေးသီရကြာ
မောလှပေါ့ ...။
လူအိမ်
Wednesday, January 12, 2011
လွတ်လပ်ရေးနေ့ကဗျာ - ၁ဝ
အားလုံးအတွက်ကဗျာ
တို့တတွေပြန်မဆုံဘူးလို့
အဆုံးထိ မတွေးရဲဘူး။
တို့ပြန်ဆုံမယ်လို့ ဘယ်လိုများတွေးရဲမှာလဲ။
အဲဒီညက
အခန်းအပြင်မှာ ကြေကွဲလွမ်းဆွတ်
လေညှင်းနဲ့ ပန်းနံ့နဲ့
ညငှက်နဲ့ လရောင်နဲ့
ပင်လယ်ရဲ့ ငိုရှိုက်သံတွေကို
မကြားချင်ယောင်ဆောင်သူတွေနဲ့
ငါ့ကိုယ်ပေါ်မှာလား
ကြမ်းပိုးတွေနဲ့
ပုရွက်ဆိတ်တွေနဲ့
အနံ့ဆိုးတွေနဲ့
ငါမပြောလား
ငါတို့ကြေကွဲရတဲ့အခါ
ငါတို့ပျော်ပုံတွေ မမေ့ပါနဲ့လို့။ ။
နေထက်နိုင်
တို့တတွေပြန်မဆုံဘူးလို့
အဆုံးထိ မတွေးရဲဘူး။
တို့ပြန်ဆုံမယ်လို့ ဘယ်လိုများတွေးရဲမှာလဲ။
အဲဒီညက
အခန်းအပြင်မှာ ကြေကွဲလွမ်းဆွတ်
လေညှင်းနဲ့ ပန်းနံ့နဲ့
ညငှက်နဲ့ လရောင်နဲ့
ပင်လယ်ရဲ့ ငိုရှိုက်သံတွေကို
မကြားချင်ယောင်ဆောင်သူတွေနဲ့
ငါ့ကိုယ်ပေါ်မှာလား
ကြမ်းပိုးတွေနဲ့
ပုရွက်ဆိတ်တွေနဲ့
အနံ့ဆိုးတွေနဲ့
ငါမပြောလား
ငါတို့ကြေကွဲရတဲ့အခါ
ငါတို့ပျော်ပုံတွေ မမေ့ပါနဲ့လို့။ ။
နေထက်နိုင်
လွတ်လပ်ရေးနေ့ကဗျာ - ၉
လွတ်လပ်ရေး
လွတ်လပ်ရေးဆိုတာ
ငါ့အဖေ
သွေးနဲ့ရေးတဲ့ကဗျာ
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...
ရဟန်းရှင်လူပြည်သူ
သွေးနဲ့မျက်ရည် အရင်းအနှီး
အချီးနှီးမဟုတ်
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ်
ညီနောင်တိုင်းရင်းသား
တပ်ထောင်တာ ဗိုလ်စု
နှလုံးသားနဲ့အရင်းပြုရတဲ့
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...။
အောင်ဘညို
လွတ်လပ်ရေးဆိုတာ
ငါ့အဖေ
သွေးနဲ့ရေးတဲ့ကဗျာ
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...
ရဟန်းရှင်လူပြည်သူ
သွေးနဲ့မျက်ရည် အရင်းအနှီး
အချီးနှီးမဟုတ်
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ်
ညီနောင်တိုင်းရင်းသား
တပ်ထောင်တာ ဗိုလ်စု
နှလုံးသားနဲ့အရင်းပြုရတဲ့
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...။
အောင်ဘညို
Monday, January 10, 2011
လွတ်လပ်ရေးနေ့ကဗျာ - ၈
အခန်းဆက်ကဗျာ
တိမ်တွေက အလွတ်မပေးရဲဘူး
လက ထွက်မပြေးဘူး
မလွတ်
သို့သော် ...
မမိ
ဒီဇာတ်က နက်ရှိုင်းလွန်းတယ်
ကိုရွေး
စတိုင်သစ်မဂ္ဂဇင်း
တိမ်တွေက အလွတ်မပေးရဲဘူး
လက ထွက်မပြေးဘူး
မလွတ်
သို့သော် ...
မမိ
ဒီဇာတ်က နက်ရှိုင်းလွန်းတယ်
ကိုရွေး
စတိုင်သစ်မဂ္ဂဇင်း
လွတ်လပ်ရေးနေ့ကဗျာ - ၇
ငြိမ်းချမ်းရေးအမေ
အမေပြောတဲ့ စကားလုံးတိုင်းဟာ
ငြိမ်းချမ်းရေးပန်းပွင့်တွေ ဖြစ်တယ်
အမေဟာ စစ်ကိုမလိုလားဘူး
ချစ်ခြင်းမေတ္တာတရားကို လိုလားတယ်
အမေဟာ တိုင်းရင်းသားပြည်သူတွေကို
အေးမြတဲ့ အကြင်နာမေတ္တာတရားနဲ့ ပြောဆိုဆက်ဆံတယ်
အမေဟာ ပြည်သူလူထုရဲ့ အသံတွေကို
အမြဲတမ်း နားစွင့်နေခဲ့တယ်
အခုကျွန်တော်တို့ရဲ့အမေ
ပြန်လည်လွတ်မြောက်လာခဲ့ပြီ
အမေနဲ့အတူ ကျွန်တော်တို့တတွေ
ဒီမိုကရေစီ ပန်းတိုင်ကို
အတူဖောက်ကြမယ်
အတူခင်းကြမယ်
အတူလျှောက်ကြမယ်
အတူရောက်ရလိမ့်မယ်လို့ ယုံကြည်တယ်။
တိုးလွင် (ဥတ္တရအလင်း)
အမေပြောတဲ့ စကားလုံးတိုင်းဟာ
ငြိမ်းချမ်းရေးပန်းပွင့်တွေ ဖြစ်တယ်
အမေဟာ စစ်ကိုမလိုလားဘူး
ချစ်ခြင်းမေတ္တာတရားကို လိုလားတယ်
အမေဟာ တိုင်းရင်းသားပြည်သူတွေကို
အေးမြတဲ့ အကြင်နာမေတ္တာတရားနဲ့ ပြောဆိုဆက်ဆံတယ်
အမေဟာ ပြည်သူလူထုရဲ့ အသံတွေကို
အမြဲတမ်း နားစွင့်နေခဲ့တယ်
အခုကျွန်တော်တို့ရဲ့အမေ
ပြန်လည်လွတ်မြောက်လာခဲ့ပြီ
အမေနဲ့အတူ ကျွန်တော်တို့တတွေ
ဒီမိုကရေစီ ပန်းတိုင်ကို
အတူဖောက်ကြမယ်
အတူခင်းကြမယ်
အတူလျှောက်ကြမယ်
အတူရောက်ရလိမ့်မယ်လို့ ယုံကြည်တယ်။
တိုးလွင် (ဥတ္တရအလင်း)
လွတ်လပ်ရေးနေ့ကဗျာ - ၆
ကလေးဘဝ ဘောလုံးပွဲ
ဂိုးတိုင်မရှိတဲ့ ...
လယ်ကွင်းပြင်ထဲ
အင်္ကျီအဖြူ...ပုဆိုးအစိမ်းလေးတွေချွတ်
ဟိုဘက်...ဒီဘက်...အပုံလေးတွေပုံ
ဒါ...ဂိုးတိုင်ပဲ...၊
ဂိုးဧရိယာပဲ...၊
ကျောင်းဆင်းတဲ့အချိန်...မိုးရွာထဲမှာ...
ငယ်ငယ်တုန်းက...
ကျနော်တို့တွေ...ဘောလုံးကန်တမ်းကစားခဲ့ကြတယ်...။
တဖက်နဲ့ တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။
ဘောလုံးကန်တယ်ဆိုတာ...
အားကစားလား...
အတတ်ပညာလား...
လောင်းကစားလား...
စီးပွားရေးလား...
အမျိုးသားရေးလား...
နိုင်ငံရေးလား...
ဘာဆိုဘာမှမသိဘဲ
မိုးသည်းသည်းမှာ
ကျနော်တို့တွေဘောလုံးကန်တမ်းကစားခဲ့တယ်...။
တဖက်နဲ့တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။
သစ်ငြိမ်း
ဂိုးတိုင်မရှိတဲ့ ...
လယ်ကွင်းပြင်ထဲ
အင်္ကျီအဖြူ...ပုဆိုးအစိမ်းလေးတွေချွတ်
ဟိုဘက်...ဒီဘက်...အပုံလေးတွေပုံ
ဒါ...ဂိုးတိုင်ပဲ...၊
ဂိုးဧရိယာပဲ...၊
ကျောင်းဆင်းတဲ့အချိန်...မိုးရွာထဲမှာ...
ငယ်ငယ်တုန်းက...
ကျနော်တို့တွေ...ဘောလုံးကန်တမ်းကစားခဲ့ကြတယ်...။
တဖက်နဲ့ တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။
ဘောလုံးကန်တယ်ဆိုတာ...
အားကစားလား...
အတတ်ပညာလား...
လောင်းကစားလား...
စီးပွားရေးလား...
အမျိုးသားရေးလား...
နိုင်ငံရေးလား...
ဘာဆိုဘာမှမသိဘဲ
မိုးသည်းသည်းမှာ
ကျနော်တို့တွေဘောလုံးကန်တမ်းကစားခဲ့တယ်...။
တဖက်နဲ့တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။
သစ်ငြိမ်း
Subscribe to:
Posts (Atom)