Wednesday, January 12, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၉

လွတ်လပ်ရေး

လွတ်လပ်ရေးဆိုတာ
ငါ့အဖေ
သွေးနဲ့ရေးတဲ့ကဗျာ
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...

ရဟန်းရှင်လူပြည်သူ
သွေးနဲ့မျက်ရည် အရင်းအနှီး
အချီးနှီးမဟုတ်
လွတ်လပ်ရေး ...။

လွတ်လပ်ရေးဟာ
အလကားရတာမဟုတ်

ညီနောင်တိုင်းရင်းသား
တပ်ထောင်တာ ဗိုလ်စု
နှလုံးသားနဲ့အရင်းပြုရတဲ့
လွတ်လပ်ရေး ...။

လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...။

အောင်ဘညို

No comments: