Monday, January 10, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၇

ငြိမ်းချမ်းရေးအမေ

အမေပြောတဲ့ စကားလုံးတိုင်းဟာ
ငြိမ်းချမ်းရေးပန်းပွင့်တွေ ဖြစ်တယ်
အမေဟာ စစ်ကိုမလိုလားဘူး
ချစ်ခြင်းမေတ္တာတရားကို လိုလားတယ်
အမေဟာ တိုင်းရင်းသားပြည်သူတွေကို
အေးမြတဲ့ အကြင်နာမေတ္တာတရားနဲ့ ပြောဆိုဆက်ဆံတယ်
အမေဟာ ပြည်သူလူထုရဲ့ အသံတွေကို
အမြဲတမ်း နားစွင့်နေခဲ့တယ်
အခုကျွန်တော်တို့ရဲ့အမေ
ပြန်လည်လွတ်မြောက်လာခဲ့ပြီ
အမေနဲ့အတူ ကျွန်တော်တို့တတွေ
ဒီမိုကရေစီ ပန်းတိုင်ကို
အတူဖောက်ကြမယ်
အတူခင်းကြမယ်
အတူလျှောက်ကြမယ်
အတူရောက်ရလိမ့်မယ်လို့ ယုံကြည်တယ်။

တိုးလွင် (ဥတ္တရအလင်း)

No comments: