Showing posts with label အောင်ချိမ့်. Show all posts
Showing posts with label အောင်ချိမ့်. Show all posts

Sunday, September 13, 2009

ပုံပြောသူ + အသည်းစွဲကဗျာဆရာ



အောင်ချိမ့် ရဲ့  "ပုံပြောသူ" နဲ့ "အသည်းစွဲကဗျာဆရာ"
ကဗျာစာအုပ် ၂ အုပ်ကို ပေါင်းထားတာပါ။

ကဗျာများ အတွက် outsider07 (myanmarcupid.net)
anonymousez.blogspot.com နှင့် maharmay.co.cc
တို့အား ကျေးဇူး အထူးတင်ပါတယ်။

မျက်နှာဖုံးနဲ့ အတွင်းပုံ ၂ ပုံ က Joan Miró ရဲ့ ပန်းချီကားများ ဖြစ်ပါတယ်။
.
Scribd          Filebox

.

Saturday, September 5, 2009

သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ


.
၁၉၇၄ စက်တင်ဘာက ထုတ်ဝေခဲ့တာဆိုတော့ ၃၅ နှစ် ရှိခဲ့ပါပြီ။
အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ် တို့ရဲ့

သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ

မနော်ဟရီရဲ့   manorhary.blogspot.com ကနေ ကူးယူထားတာပါ။
၂ဝဝ၈ က ဒီဇင်ဘာတုန်းက ပီဒီအက်ဖ် စာအုပ်လုပ်ခဲ့ပြီး၊
အခု ၂ဝဝ၉ စက်တင်ဘာမှာ အမှားတချို့ ပြန်ပြင်ထားပါတယ်။
.
Scribd
          Filebox

.

Friday, July 31, 2009

ပုံပြောသူ (အောင်ချိမ့်)

ပုံပြောသူ ၁၀

ကျွန်တော်တို့  မမျှော်မှန်းနိုင်တဲ့ အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

ကမ္ဘာ့ အပြင်
စကြဝဠာအပြင်အထိ
ကျွန်တော် လွင့်စဉ်သွားနိုင်ပါတယ်။

အရာရာ
မှောင်မှောင်မည်းမည်း။

အမေက
ကျွန်တော်တို့ ကို လူ့ ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။

အောင်ချိမ့်


ပုံပြောသူ ၁၁

ခုန်လိုက်မယ်၊ ခုန်လိုက်မယ်။

၂၀ဝ၀ ခုနှစ်
ရောက်ခဲ့ပေါ့
၂၀ဝ၀ ခုနှစ်မှ
ခုန်ပေတော့။

ထပ်၍တစ်ကြိမ်
ခုန်ပေဦးတော့။

ဘယ်လိုပြကွက် တစ်ကွက်ပြီးတစ်ကွက်
မပျက်မကွက် ငါပါခဲ့တယ်
ခုန်လိုက်မယ်
ငါ ခုန်လိုက်မယ်။

သွေးနဲ့ သားနဲ့ နတ်တမျှ
ငါ ခုန်လိုက်မယ်။

ခုန်လျှင် ရောက်အောင်ခုန်ရမယ်
ဒီ့ထက်တော်တဲ့ ကဗျာဆရာ ဖြစ်ချင်ပါတယ်။

အောင်ချိမ့်


ပုံပြောသူ ၁၂

အသက်ရှင်ကျန်ခဲ့တာဟာ
ဝမ်းသာစရာပါ
အနည်းဆုံးဖြင့် ငါ့မှာ
မငြီးငွေ့ နိုင်ပါဘူး။

သွားလေသူ ချစ်မိတ်ဆွေများအား
လွမ်းလျက်
တ, လျက်
ဂုဏ်ယူလျက်။

လူ့ အလို နတ်မလိုက်နိုင်တာ အမှန်ပဲ
ငါ့အသက်ရှူမှုထဲမှာ ဆားမြက်နေပုံရှိရဲ့ ။

ငါနဲ့ တွဲလျက်သားခုံနံပါတ်က
သူစိမ်းတစ်ရံစာ...
အဲဒီလူရဲ့ 
ကိုယ်နံ့ ပဲ။

အောင်ချိမ့်


ပုံပြောသူ ၁၃

ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့ ။

အောင်ချိမ့်


ပြောပြီးမှ ပြောတဲ့စကား

၂၀ဝ၀ ခုနှစ် ပြည့်ပြီးတဲ့နောက် ရာစုအသစ်စက်စက်
ထောင်စုအသစ်စက်စက်ကို တွေ့ မြင်ရတော့မယ်။
အဲဒါကို အထိမ်းအမှတ်ပြုပြီး "ပုံပြောသူ" ကိုရေးပါတယ်။
ရာစုသစ် ထောင်စုသစ်အတွက် ၂၀ဝ၀ ထဲကနေ ကျွန်တော့် အနုပညာနဲ့ 
ပုံပြောတဲ့သဘော ကျွန်တော်က ရာစုသစ် ထောင်စုသစ်ကို
ပုံပြောပြီး ကြိုဆိုတဲ့သဘောပေါ့လေ။
ပုံပြောတယ်ဆိုတဲ့အဓိပ္ပာယ်က
မယုံနိုင်စရာ စွဲလမ်းစရာ လွယ်ကူသောဇာတ်လမ်းများကို ပြောပြခြင်းလို့ ဆိုလိုပြီး
ရွေ့လျားအဓိပ္ပာယ်ကတော့
လိမ်ပြောသွားတယ် လှည့်စားသွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော် ပုံပြောလိုက်ပါတယ်။
ဟဒယမှာ ရိုက်ခတ်လာတိုင်း လင်းခနဲအလှကိ
အကြိမ်တိုင်းပေးတဲ့ ပုံပြင်ဆရာကြီး ဟန်းအန်ဒါဆင်လိုပဲ
ကျွန်တော့်ပုံပြင်များက ရည်ရွယ်ပါတယ်။
ကျွန်တော့်ပုံပြင်လေးတွေက သေးတဲ့အတွက်
ဖတ်သူများကျေနပ်မှုလျော့လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။

လေးစားစွာဖြင့်
အောင်ချိမ့်
.

ပုံပြောသူ (အောင်ချိမ့်)

ပုံပြောသူ ၇

ကျီးဖိုနဲ့  ကျီးမ, လို
နာရီ ၂ လုံးဟာ။
နာရီတစ်လုံးရဲ့ မေးသံ။
"ခုတောင် ၁ နာရီထိုးပြီ
ဘယ်အချိန် ၂ နာရီထိုးမလဲ"။
နာရီတစ်လုံးရဲ့ ဖြေသံ။
"၁၂နာရီ၊ ပြီး ၁ နာရီ။
၁ နာရီထိုးပြီးလျှင်
ကျန်သောနာရီများဟာ တောက်လျှောက်
အလိုလိုရောက်လာတော့သည်ပင်"။
နာရီ ၂လုံးဟာ

ကျီးဖိုနဲ့ ကျီးမ, လို။

အောင်ချိမ့်

ပုံပြောသူ ၈

နေပူပူ မိုးရွာရွာ
ထီးပါတော့မှ ဖွင့်ဆောင်းပေါ့။
မစဉ်းစားတတ်ဘူး
ထီးကို တုတ်ကောက်လိုကိုင်လျက်
နေပူ
မိုးဖွဲဖွဲထဲ
ခပ်တည်တည်ပဲ အဲဒီလူ
လမ်းလျှောက်လျက်။
အဲဒါ
သူ "ရှက်တတ်မှု" တဲ့။
အတော်တော့
ခွကျတာပဲ။

အောင်ချိမ့်

ပုံပြောသူ ၉

ကျောက်ခေတ်က ကျောက်ခေတ်လူသား မီးခတ်သလို
ငါကဗျာစပ်ဖို့ 
ကဗျာရဲ့ အစကို
ငါ မီးခတ်နေတယ်။
တစ်ချက် မီးကောင်းကောင်းပွင့်ရင်
ကဗျာကောင်းကောင်းတစ်ပုဒ် ရမှာပဲ
အကောင်းဆုံးခေတ်ကြီးကိုရရှိတဲ့ ငါတို့ ဟာ။

အောင်ချိမ့်
.

Thursday, July 30, 2009

ပုံပြောသူ (အောင်ချိမ့်)

ပုံပြောသူ ၎

ငါတို့ ဘဝကြီးဟာ ပို၍သာ
ကုန်ခန်းလာတယ်။

အဲဒါကို နည်းနည်းပါးပါး ထစ်ငေါ့အောင်
ငါတို့ မရပ်မနားဆော့ကြတယ်။

တရားတွေ့ သယောင် တကယ်မတွေ့ သရွေ့ 
မျောက်ဘဝမှ လုံးဝမရွေ့ ။

အောင်ချိမ့်


ပုံပြောသူ ၅

ငါ့ဘဝကို ငါပြန်ရောက်ပြီ
အရက်သောက်လည်း မမူးတော့ဘူး။

မူးချင်လျှင်
မသောက်ဘဲနဲ့  မူးပေတော့။

အောင်ချိမ့်


ပုံပြောသူ ၆

ကျွန်တော့်သီချင်း နားထောင်ပြီး
လိုနေပါလိမ့်မယ်။

ကျွန်တော့်ပန်းချီ ကြည့်ပြီး
လိုနေပါလိမ့်မယ်။

ကျွန်တော့်ကဗျာ ဖတ်ပြီး
လိုနေပါလိမ့်မယ်။

အနုပညာဟာ ဘဝ
ဘဝဟာ အနုပညာ
လိုတာကို
လိုသလို
ပရိသတ်က ဖြည့်သွားရုံသာ။

ပျော်ဖို့ မကောင်းဘူးလား။

အောင်ချိမ့်
.

ပုံပြောသူ (အောင်ချိမ့်)

အောင်ချိမ့် ရဲ့ ပုံပြောသူ ကဗျာစာအုပ်ပါ ..
မြန်မာကျူးပစ် နဲ့ outsider07 ကို ကျေးဇူးအထူးပါ ..


ပုံပြောသူ ၁

"ကမ္ဘာကြီးက ဘယ်မှာလဲ"
"ကမ္ဘာသစ်က ဘယ်မှာလဲ"။

တတိယ နှစ် ၁၀ဝ၀ ထံ
ငါအသံလွှင့်တယ်။

မရယ်ကြပါနဲ့ 
ငါ ငှက်လို တေးသီမလို့ ကွဲ့ ။

အောင်ချိမ့်

 ပုံပြောသူ ၂

ဗျိုး၊ ငါတည်ရှိနေတာ
ဘယ်သူသိပါစ။

အိမ်ထောင်ရေး မအောင်မြင်ဘူး။
ဂုဏ်သိက္ခာ မအောင်မြင်ဘူး။
အနုပညာ မအောင်မြင်ဘူး။

အလို၊ ငါ့နံမည်
ဘယ်သူပါလိမ့်။

အောင်ချိမ့်


ပုံပြောသူ ၃

ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။

အောင်ချိမ့်
.

Sunday, July 26, 2009

ဂန္တဝင်မမ (အောင်ချိမ့်)



အောင်ချိမ့် ရဲ့ နာမည်ကြီးကဗျာ ဖြစ်ပါတယ်။

ကဗျာကို မူလတင်ပေးတဲ့ဆိုဒ်က kophyoe.blogspot.com ဖြစ်ပါတယ်။ ပီဒီအက်ဖ် စာအုပ်အဖြစ် မြန်မာကျူးပစ်ဖိုရမ် (http://myanmarcupid.net/community/) မှ တင်ဆက်ခဲ့ပါတယ်။

မျက်နှာဖုံးပန်းချီက မင်းဝေအောင် ရဲ့ လက်ရာ ဖြစ်ပါတယ်။ 

Scribd          Filebox
.