Monday, January 10, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၆

ကလေးဘဝ ဘောလုံးပွဲ

ဂိုးတိုင်မရှိတဲ့ ...
လယ်ကွင်းပြင်ထဲ
အင်္ကျီအဖြူ...ပုဆိုးအစိမ်းလေးတွေချွတ်
ဟိုဘက်...ဒီဘက်...အပုံလေးတွေပုံ
ဒါ...ဂိုးတိုင်ပဲ...၊
ဂိုးဧရိယာပဲ...၊
ကျောင်းဆင်းတဲ့အချိန်...မိုးရွာထဲမှာ...
ငယ်ငယ်တုန်းက...
ကျနော်တို့တွေ...ဘောလုံးကန်တမ်းကစားခဲ့ကြတယ်...။
တဖက်နဲ့ တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။
ဘောလုံးကန်တယ်ဆိုတာ...
အားကစားလား...
အတတ်ပညာလား...
လောင်းကစားလား...
စီးပွားရေးလား...
အမျိုးသားရေးလား...
နိုင်ငံရေးလား...
ဘာဆိုဘာမှမသိဘဲ
မိုးသည်းသည်းမှာ
ကျနော်တို့တွေဘောလုံးကန်တမ်းကစားခဲ့တယ်...။
တဖက်နဲ့တဖက်
ဆယ့်တယောက်စီကန်တဲ့ပွဲ...။

သစ်ငြိမ်း

No comments: