Sunday, January 9, 2011

လွတ်လပ်ရေးနေ့ကဗျာ - ၅

လွမ်းရသော လွတ်လပ်ရေး

၁၉၄၈ ခုနှစ်မှာ
မြန်မာပြည်မှာ လွတ်လပ်ရေးရတယ်
ကမ္ဘာမှာ လူ့အခွင့်အရေးကြေငြာစာတမ်း စ တယ်

မြန်မာပြည်မှာ
လွတ်လပ်ရေးရခဲ့တာ
၆၃ နှစ် ကြာခဲ့ပါပြီ

ငါတို့က
လူ့အခွင့်အရေးရဖို့ ကြိုးစားနေတုန်း

ကမ္ဘာကြီးမှာက
လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့
လူသားဖြစ်မှုကို ဆန့်ကျင်မှုတွေနဲ့ ...။ ။

ကြည်မောင်သန်း

No comments: