Wednesday, February 10, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၇)

Yves Tanguy
လှိုင်း

တက်လာတာလည်း မြင်လိုက်ရတယ်
ကျသွားတော့လည်း တွေ့လိုက်ပြန်တယ်။

ချစ်တဲ့စိတ်ကလေးရဲ့ ဘဝ
အပိုင်းပိုင်းဖြတ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်။

လင်းအားကြီးပြန်တော့
ဖြစ်ပျက်ခဲ့သမျှ
သူမဟုတ်သလို
ငြိမ်လို့ ...။

နေဆူးသစ်

(အိုင်ဒီယာ၊ ၂ဝ၁ဝ ဖေဖော်ဝါရီ)
.

4 comments:

kay said...

ကဗျာကယာ ခုနစ်ပုဒ် မှာ.. လေး ကို အကြိုက်ဆုံးကွ..

Sint Si said...

Thanks for sharing. I like them all.

tin min htet said...

Ma Kay .. I agree with you
Sint .. Thanks

sait phay yar said...

3, 4, 7 ကဗျာလေးတွေကြိုက်တယ်။