Wednesday, February 10, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၆)

René Magritte
အနမ်း

အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမျှ
လွတ်လပ်ပွင့်လင်းမှုတွေရှိတယ်။

ဆုံဆည်းခွင့်ကိုတမ်းတခဲ့တာပါ
ပျောက်ဆုံးခြင်းကိုရှာဖွေခဲ့တာပါ။

ချစ်သူတို့ရဲ့
ရာဇဝင်ပြတိုက်အိုထဲ
မှိုတက်နေတဲ့ဖယောင်းရုပ်ထုလို
အမှတ်တရများစွာပေါ့ကွယ်။

အဲဒီမှာ
တို့နှစ်ဦးရဲ့ညီတူညီမျှ
ထိန်းချုပ်ထားရခြင်းတွေရှိတယ်။

ဘဝဒေသနာ
အချိန်ကာလများစွာဟာ
နူးညံ့မှုဝေဒနာအဖြစ်
တို့ရဲ့အသည်းနှလုံးထဲ
တစိမ့်စိမ့်စီးဝင်လာခဲ့ပြီ။   ။

နေဆူးသစ်

(ရတနာသစ် မဂ္ဂဇင်း)
(အိုင်ဒီယာ ၂ဝဝ၈ ဖေဖော်ဝါရီ)
.

1 comment:

nelay said...

..... အားးးးးးး အနမ်းးးးးးး တဲ့ဗျာ ... ရင်ထဲကိုစူးကနဲပဲ ...