Tuesday, February 9, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၂)

Joan Miró
သံယောဇဉ်

အိပ်မက်လို ပျောက်သွားခဲ့ရင်
ရယ်မောဟားတိုက်ပစ်လိုက်ချင်ရဲ့
အဲ့ဒီကြိုးနှစ်ချောင်းပူး ... ကျစ်ဆံမြီးကိုပဲ
အပ်ပေါက်ထဲ ဖြည့်စွက်ထည့်နေခဲ့ကြ ...။

စက္ကူဖြူတွေလောင်ကျွမ်းသွားတဲ့မီးစ
ပြာမှုန်ဖြန့်ကျက်ဧကများ
ခဏခဏ ရေးချွတ်ခဲ့တဲ့အမှားတွေလေ ...။

အတိုင်းအဆသက်သက်
အရည်အသွေးသက်သက်
ပိုင်းခြားဖို့ မဖြစ်နိုင်တဲ့
သတ်ပုံတွေကလည်း အများသား ...။

လက်ဖဝါး၊ ခြေဖဝါး၊
ပြီးတော့ ...
နှလုံးသား
အားလုံးကို တီးခေါက်ကြည့်မိခဲ့
သံစဉ်လှလှလေးတွေ ထွက်မထွက် ...။

ချိတ်နှစ်ချောင်းနဲ့ မညီမျှ
အဓမ္မဖိစီးတဲ့ ဝမ်းတွင်းနာက
ရင်အုံတစ်ခုလုံးကို
ပြောင်းပြန်လှန်ပစ်နေတော့တယ် ...။   ။

နေဆူးသစ်


(ကောင်းကင်ရိပ် ကဗျာစာအုပ်)
(သိုးကလေးရဲ့နေထွက်ချိန် - မနော်ဟရီ) 
.

5 comments:

ဂျေဂျူဝိုင် said...

စက္ကူဖြူတွေလောင်ကျွမ်းသွားတဲ့မီး
ပြာမှုန်ဖြန့်ကျက်ဧကများ
ခဏခဏ ရေးချွတ်ခဲ့တဲ့အမှားတွေလေ ...။


ပြာမှုန်ဖြန့်ကျက်ဧကများ
ဘာပါလိမ့်။

Anonymous said...

ဟေ့ သိုးကွး)) ယုန်မဟုတ်ဘူးး))
သိုးကလေးရဲ့ နေထွက်ချိန်
အဲဒီကဗျာကိုတော့ တော်တော်ကြိုက်ခဲ့တယ်
ဒင်းက အချစ်ကဗျာတွေ တော်တော် ရေးခဲ့တာပဲ
အတွေ့အကြုံများတယ်ထင်ပး)
မနော်ဟရီ

Zephyr said...

သိုးကလေးလေဖြတ်သွားလို့ ယုန်ကလေးနဲ့ပဲနေထွက်လိုက်ရတာ :)

tin min htet said...

မသိဘူးလေ .. စိုးစိုးက ယုန်ဆိုတော့ ယုံမိတာပေါ့။

tin min htet said...

ဟုတ်သားပဲ .. ယုန် ဆို လထွက်ချိန် ဖြစ်သွားမှာပေါ့ :P