Tuesday, February 9, 2010

နေဆူးသစ်၊ အချစ်ကဗျာ ၇ ပုဒ် (၃)

Salvador Dali
အနားသတ်မျဉ်း

မိုးခေါင်ရေရှား ရပ်ဝန်းထဲ
စိတ်ကူးလှလှလေးတွေ လင်းလဲ့ည
ကြယ်ပွင့်တွေဆီ ခိုးနမ်းမိခဲ့။

ပျောက်ဆုံးသွားခဲ့
ကျွန်တော့် အိုအေစစ်လေး
အခုဆို
ပျော်နေရောပေါ့ ...။

ရင်ခုန်သံ အစွန်းဘက်
မြေပုံအညွှန်းတစ်ဝက်နဲ့
ဇာတ်လမ်းဆက်သူဟာ
ဘယ်သူလဲ မေးရင်
တစ်ဘဝစာ တမ်းတမိသူ
ကျွန်တော့် အပြစ်ပါ။

မဆွေးချင်ဘူး ...
ဒါပေမယ့်
လွမ်းမိတယ်။   ။

နေဆူးသစ်

(ရုပ်ရှင်အမြုတေ မဂ္ဂဇင်း)
.

1 comment:

မယ့်ကိုး said...

ဒီကဗျာလေး ကြိုက်လွန်းလို့ ကျွန်မ blog sidebar မှာ တင်ခွင့်ပေးပါလို့ ခွင့်တောင်းချင်ပါတယ်။
ကျေးဇူးအထူးပါ။