နှလုံးပူပန်စွာ ချစ်သူကို တမ်းတနေတဲ့ အပူသယ်မရဲ့ ဆံထုံးလို တမ်းတနေရတဲ့ စမ်းရေတွေကလဲ ခန်းခြောက်လို့ ...
လမ်းတလျှောက်မှာ ပေါက်နေတဲ့ သစ်ပင်တွေကတော့ မြေပြင်မှာ လူးလွန့်နေရရှာတဲ့ မြစ်ပျိုမကလေးကို ဖျော့တော့တဲ့ သစ်ရွက်ခြောက်တွေနဲ့ ညင်ညင်သာသာ ဖုံးပေးနေကြရှာတယ် ...
ရှစ်လလုံးလုံး စွန့်ပစ်သွားတဲ့ မိုးလုလင်ကို တမ်းတရင်း အဝတ်ကင်းတဲ့ကိုယ်နဲ့ နွမ်းပျော့ကြုံလှီစွာ လူးလဲနေရရှာတဲ့ မြစ်မကလေးရဲ့ အလှကိုတော့ အဆွေမိုးလုလင်က မျက်မှောင်ကြီးညို့ ပြီး ကြည့်လို့ ...
အဆွေ မိုးလုလင်ရယ် ခုလို စိမ်းစိမ်းကားကားချည်း ကြည့်နေမယ့်အစား ကိုယ့်ချစ်သူကို ယုယပိုက်ထွေးပြီး ရယ်သွမ်းသွေးတဲ့ လှိုင်းသံကလေးကို ကြားရအောင် ပြုလိုက်ပါလားကွယ် ...
ကာလီဒါသ ၏ မေဃဒူတ မှ
ရန်ကုန်ဘဆွေ ဘာသာပြန်သည်။
.
No comments:
Post a Comment