Thursday, July 30, 2009

ပုံပြောသူ (အောင်ချိမ့်)

အောင်ချိမ့် ရဲ့ ပုံပြောသူ ကဗျာစာအုပ်ပါ ..
မြန်မာကျူးပစ် နဲ့ outsider07 ကို ကျေးဇူးအထူးပါ ..


ပုံပြောသူ ၁

"ကမ္ဘာကြီးက ဘယ်မှာလဲ"
"ကမ္ဘာသစ်က ဘယ်မှာလဲ"။

တတိယ နှစ် ၁၀ဝ၀ ထံ
ငါအသံလွှင့်တယ်။

မရယ်ကြပါနဲ့ 
ငါ ငှက်လို တေးသီမလို့ ကွဲ့ ။

အောင်ချိမ့်

 ပုံပြောသူ ၂

ဗျိုး၊ ငါတည်ရှိနေတာ
ဘယ်သူသိပါစ။

အိမ်ထောင်ရေး မအောင်မြင်ဘူး။
ဂုဏ်သိက္ခာ မအောင်မြင်ဘူး။
အနုပညာ မအောင်မြင်ဘူး။

အလို၊ ငါ့နံမည်
ဘယ်သူပါလိမ့်။

အောင်ချိမ့်


ပုံပြောသူ ၃

ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။

အောင်ချိမ့်
.

No comments: