Tuesday, July 28, 2009

ပုဗ္ဗမေဃ - ၂၉

လှိုင်းတို့၏ လှုပ်ရှားခြင်းဖြင့် ဖိုရှိုက်ရင်ခုန်တုန်လှုပ်သည့် ငယ်နုနုမိန်းမပျို အသွင်ဆောင်သော ...

အစဉ်အတန်း ကူးသမ်းနေကြသည့် ဖွေးဖွေးရှိသော ဟင်္သာတို့သည် ပြေကျသော ခါးစည်းကြိုးကဲ့သို့ ယိမ်းနွဲ့လှုပ်ရှားနေကြသော ...

တက်မက်စေဘွယ် ဖော်ပြအပ်သည့် ဝဲကတော့လျှင် ချက်မလေးရှိသော ...

ထို နိဗိန္ဒာ အပျိုရိုင်းမကလေးသည် ချစ်ဆွေမိုးတိမ်ကို ကလူ၏သို့ မြှူ၏သို့ ...

အဆွေသည် ထိုမြစ်ပျိုမကလေးကို ဖျစ်ညှစ်ထွေးယှက် ချစ်ဘက်ပြုလိုက်ပါဘိလို့ ..

အကြောင်းမူ သမီးကညာတို့၏ ချစ်သူအပေါ်၌ ငြူကာ စူစွာ မူယာပြုခြင်းသည်
ပြူငှာလိုသဖြင့် ရှေးဦးစွာ တောင်းပန်နေ၏သို့ ...

ကာလီဒါသ ၏ မေဃဒူတ မှ
ရန်ကုန်ဘဆွေ ဘာသာပြန်သည်။
.

No comments: