Saturday, March 6, 2010

ဘဝစာမေးပွဲ

ဘဝစာမေးပွဲ

ခွင့်ပြုချိန် - မွေးဖွားချိန်မှ သေဆုံးချိန်အထိ
ပေးမှတ် - ၁ဝဝ မှတ်
မေးခွန်းအားလုံး ဖြေဆိုပါ

အပိုင်း(က)
အဖြေမှန်များကို ကြိုတင်ဖြည့်စွက်ပြီးဖြစ်ပါသည်
(၁) မိဘ
(၂) လူမျိုး
(၃) ကိုးကွယ်သည့်ဘာသာ
(၄) ဗီဇ
(၅) ပတ်ဝန်းကျင်

အပိုင်း(ခ)
သင်ကြိုက်နှစ်သက်ရာ မေးခွန်းများရေး၍
သင်ကြိုက်နှစ်သက်ရာ အဖြေများကို ဖြေဆိုပါ

သတိ
၁။ အောင်စာရင်းမထွက်ပါ
၂။ အမှတ်ပေးစည်းမျဉ်းမရှိပါ
၃။ စာမေးပွဲစည်းမျဉ်းများကို လိုက်နာနိုင်ပါသည်
၎။ ဖြေဆိုနေစဉ်အတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း
အခြားသူများကသော်လည်းကောင်း ရမှတ်မည်မျှရှိသည်ဟူသောအချက်ကို
မိမိတို့အဆင်ပြေသလို တွေးထင်နိုင်ပါသည်

မှတ်ချက်
နောက်ဘဝရှိခဲ့လျှင် နောက်တစ်ကြိမ် ပြန်ဖြေပါ

ကျေးဇူး
icy (5-Mar-10)

မြန်မာမျှားနတ်မောင် ဖိုရမ် (myanmarcupid.net) မှ ကူးယူဖော်ပြပါသည်။
.

4 comments:

nelay said...

၁မှတ် .. ၂ မှတ်ခွဲ ... သုံးလေးပိုင်းတပိုင်း ... ၅ဆယ်ကျော်ကျော် ....။
ဟူးးးးးးးးးးးးးးး ....
ကိုကြီးicy ... ကဗျာထဲက ... ဘ၀စာမေးပွဲကို .... ကျန်ရှိနေတဲ့ သက်တမ်းတလျှောက်ဖြေရအုံးမယ် .... ။

ကိုအောင် said...

ကဗျာကို မျှဝေပေးတာ ကျေးဇူး ကိုတင်မင်းထက်။

Sint Si said...

Neat!

min min san said...

Actually life is unpridiable as long as you know ur self well then all ur so called exam will pass, ya thiis is how i believe in myself, thanks u.