ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက်စီးဆင်းနိုင်တဲ့ မြစ်ဖြစ်တယ်
စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့၊
ကဗျာကို
ဪ .... ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။
စာအုပ်အကြောင်း
မြန်မာကျူးပစ်ဖိုရမ်မှာ "မေ၁၁" စုစည်းပေးခဲ့တဲ့ မောင်သိန်းဇော် ရဲ့ ကဗျာ ၃၆ ပုဒ် ပါဝင်တဲ့ "နှင်းရည်စက်လက် + ရှုမျှော်ခင်း ၂၁" ဖြစ်ပါတယ်။ အရင်က My Emotional Corner မှာ တင်ခဲ့ဖူးပါတယ်။
ကျေးဇူးစကား
ကဗျာတွေကို မူလဖော်ပြပေးခဲ့ကြသော မဂ္ဂဇင်းများ၊ မျက်နှာဖုံးနဲ့ အတွင်းပုံများ အတွက်
နေမျိုးဆေး၊ ပြန်လည်ဖော်ပြ ပေးသည့် မြန်မာကျူးပစ်ဖိုရမ်၊ နေးတစ်မြန်မာဖိုရမ်၊ လမ်းအိုလေး နှင့် ကဗျာများကို စုစည်းပေးခဲ့တဲ့ မေ၁၁၊ ညီလင်းဆက်၊ မုတ်သုန်လေ၊ ACS တို့ကို ကျေးဇူး အထူးတင်ပါသည်။
Scribd FileBox MediaFire
.
1 comment:
ကျေးဇူးတင်ပါတယ်ခင်ဗျာ...
စာအုပ်ဒေါင်းလုပ်ချသွားပါတယ်...
ရှေ့ဆက်လျှောက်နိုင်ပါစေ ။
Post a Comment