Tuesday, March 2, 2010

မတ်လတမ်းချင်း


မတ်လတမ်းချင်း

ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ရှည်
ဝေးကြလေပြီ သူငယ်ချင်း။

ဟိုယခင်က
တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့်
မင့်သဏ္ဍာန်သည်
ငါ၏ရှေ့မှောက်
မြင်ရင်းပျောက်ခဲ့
ဘယ်ရောက်နေလည်း သူငယ်ချင်း ... ။

မင်းသတင်းများ
နားနှင့်မမျှ ကြားရချိန်တွင် ...

သစ်ပုပ်ပင်အို မျက်ရည်စိုရွှဲ
ဝမ်းနည်းပက်လက်
ချွေကာချလျှက် စိမ်းမြရွက် ...

အဖော်ကွဲလျက်
ဥဩငှက်သည်
အော်မြည်ဟစ်ကြွေးငိုသံပေး ...

လမ်းမထက်တွင် ရှုမြင်မလှ
မွမွကြဲကြွေ
စိန်ပန်းတွေလည်း ရဲရဲနီ ...

တက္ကသီလာ မြကျွန်းသာသည်
မရီ(ရယ်)မပြုံး
နှလုံးပဲ့ကြွေ ဝေဒနာ ...

သဘင်ဘွဲ့နှင်း
ရင်တွင်းမမျှခံစားရ၍
အသည်းကြေကွဲ မျက်နှာလွှဲ ...

ကံကော်တောတန်း
လွမ်းချင်းတေးဆို မငိုနိုင်ဘဲ
ရင်ထဲထိတ်ထိတ် အံကိုကြိတ် ...

အင်းလျားရေပြင် မရှုမြင်ရက်
တက်(တောက်)ခေါက်ရင်းဖြင့်
ရင်နင့်လှိုင်းထ တသသ ...

ဟိုယခင်က တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့် မင်း၏သဏ္ဍာန်
ပြန်မြင်ယောင်ဆဲ ...

ဘယ်မှာလည်း မင်း ...
သူငယ်ချင်း ... ... ...

ငြိမ်းနိုင်
ဇူလိုင် ၊ ၁၉၈၈ ။

for those who gave their life & soul for democracy
.

2 comments:

kay said...

ရှစ်ဆယ့်ရှစ် ရဲ့ မတ်လမှာ.. အင်းလျား ရာဇ၀င် ပြောင်းခဲ့တယ်.. စိမ်းမြတဲ့ ရေလှိုင်းတွေ..အရောင်ပြောင်းလဲ.. ဖြူစင်နေတဲ့..တံတားငယ်လေး..အနီစွန်းခဲ့ ပြီ..
( ရာသီ အလီလီ ပြောင်းပေမဲ့..မဟောင်းခဲ့ နိုင်ဘူး )၂
အင်းလျား....ရယ်....

Nge Naing said...

မတ်လကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။