Wednesday, February 24, 2010

ကြယ်တစ်ပွင့်

ကြယ်တစ်ပွင့်

ဒီလိုသားရဲ့
ရာစုတွေ သီချုပ်ထားတဲ့
အဖေတို့ သမိုင်းစာအုပ်တွေထဲ
သူရဲကောင်းဆိုတာတွေ
"ဒုနဲ့ဒေး"ပေါ့။

အနုပညာကောင်းကင်ကြီးမှာလည်း
ကြယ်ပွင့်တွေက
ဟိုနားပြိုးပြက် သည်နားပြိုးပြက်။

အဖေလဲ(လည်း)
အဲဒီ စာမျက်နှာတွေကိုဖတ်
အဲဒီကြယ်ပွင့်တွေကိုကြည့်
ခရီးထွက်ခဲ့ပေါ့။

လမ်းခုလတ်မှာ ရပ်နား
တိုက်ပွဲမဆုံးခင် ကျဆုံး
အဖေဟာ ကြယ်တစ်ပွင့်
(ဖြစ်ခဲ့ရင်တောင်)
ကြွေကျပြီး။

ငါ့သားကြ ...
အလင်းဆုံး အလက်ဆုံး
အမြင့်အမားဆုံး ...။  ။

ချိုတူးဇော်
၂၁-၁-၉၈
(သားကြီး ဒေါင်းတေဇ ၁ နှစ်ပြည့်မွေးနေ့)
.

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ဋ္ဌကီးမားလိုက်တာဗျာ-ဖွဲ့ ဆိုထားတာတွေကတကယ်ကို
ကွင်းကွင်းကွက်ကွက်ပါဘဲ-လေးစားလျှက်ပါ