Monday, February 22, 2010

ယိုးဒယားသမင်လိုက်


ယိုးဒယားသမင်လိုက်

ဟောသည်ဝင်္ကပါ တောတန်းမှာ
ငါ့ကို
အနက်ရောင် ပန်းပွင့်တွေက
ထောင်ဖမ်းဖို့ကြိုးစားခဲ့တယ်ပေါ့
သီတာဒေဝီ။

ကျွမ်းကျင်တဲ့ လေးသည်တော်တွေတောင်
လုံခြုံမှုတွေ ပွင့်ထွက်ခဲ့တဲ့မှော်ရုံ
ထိကရုန်းပင်များ
အလေ့ကျ
နှင်းဆီပွင့်ခက်များ။

ချစ်ခြင်းတရားကသာ
ရွှေသမင်စစ်စစ်ဖြစ်လို့
အိုမင်းသော သက္ကရာဇ်များလည်း
လဲပြိုချိန်။ ။

ကျော်ဇောခိုင်

(ဆေး ၁ က ကျောက်စီပန်းချီပါ။ ဗဂျီအောင်စိုး လက်ရာလို့ ထင်ပါတယ်။
မြန်မာကျူးပစ် မှ ကိုငြိမ်းနိုင် ဆီက ရပါတယ်။)
.

1 comment:

KZကေ said...

ခေါင်းစဉ်ကိုတွေ့ကတည်းကသံသယတ၀က်ပျော်ရွှင်မှုတ၀က်နဲ့ကျနော်ဝင်ကြည့်ခဲ့ပါတယ်
ခင်ဗျားဘလော့နှစ်ခုစလုံးဖတ်ဖြစ်ပါတယ်
ဘရာဗိုပါဗျာ