Monday, January 25, 2010

သိဒ္ဓတ္ထကိုနားလည်ခြင်း (မိုးသွေး)

 သိဒ္ဓတ္ထကိုနားလည်ခြင်း

ရှုံးနိမ့်ခြင်းများနဲ့ ရင်ဆိုင်ရတဲ့အခါ
ငါ့ မျက်နှာပျက်နေလိမ့်မယ် မင်းထင်လား။

အောင်မြင်မှုကို ရယူခံစားရတဲ့အခါ
ငါ ဝမ်းသာနေမယ် မင်းထင်လား။

ရှုံးနိမ့်ခြင်းနဲ့ အောင်မြင်ခြင်းကြားက
မျဉ်းကြောင်းလေးသာ မရှိရင်
ဒီ နှစ်ခုဟာ အတူတူပါပဲ
ဘယ်ဟာကိုမှ
ငါ ထူးပြီး မတုန်လှုပ်ပါဘူး။

ရက်စက်မှုရဲ့ အတွင်းထဲမှာ
နူးညံ့သိမ်မွေ့ခြင်းဆိုတာ ကိန်းဝပ်နေတယ်။
သေဆုံးခြင်းရဲ့ အတွင်းထဲမှာ
အသက်ရှင်သန်မှု မျိုးစေ့လေး ကိန်းဝပ်နေတယ်။
ရှုံးနိမ့်မှုရဲ့ အတွင်းထဲမှာ
အောင်မြင်ခြင်းဟာ ကိန်းဝပ်နေတယ်။

မိုးသွေး

(မှတ်ချက်။ ။ ဘုရားလောင်း သိဒ္ဓတ္ထ မဟုတ်ပါ။
ဂျာမန်စာရေးဆရာကြီး  Hermann Hesse ၏ သိဒ္ဓတ္ထ Siddhartha ဖြစ်ပါသည်။)

2 comments:

Unknown said...

ဒီကဗျာလေးအရမ်း ကြိုက်တယ်...
း-)

Sonata Cantata said...

ဒဿနကိုဖွဲ့တဲ့ ၀တ္ထုတွေထဲမှာ သိဒ္ဓတ္ထက စိတ်ဝင်စားဖို့ကောင်းတယ်။ ကဗျာလေးကလည်း (ရင့်ကျက်တဲ့) သိဒ္ဓတ္ထရဲ့ အမြင်ကို ပေါ်လွင်ပါတယ်။ တာအို အယူအဆနဲ့တော့ ခပ်ဆင်ဆင်ပေါ့။

ကဗျာရှင်အကြောင်း ဖတ်ရတော့လဲ စိတ်မကောင်းပါဘူး။

ဧရာ