Wednesday, July 7, 2010

ချိန်သီး


ချိန်သီး

အကြောင်းကြောင်းနဲ့
ခေါင်းလောင်းသံချိုအလွမ်းပြေ
ဝ လုံးဖြူဖြူတွေရေးနိုင်ဦးမလား ….
ငါလည်းပဲ သွေးနဲ့ကိုယ်သားနဲ့ကိုယ်။

ဟောဒီသတ္တုသိုက်ကြီးထဲ
လူဆိုတာ ကိုယ့်အချိုးအစားနဲ့ကိုယ်ပါဝင်ရ
ငါကတော့ ….
စိုထိုင်းဆ ခပ်များများကောင်ပါ။

တစ်ယောက်နဲ့တစ်ယောက်
လူချင်းမှားနှုတ်ဆက်ကြ
လူတွေက
ကိုယ်စားသုံးသင့်တဲ့အာဟာရကိုမသိကြဘူး။

အရေးကြီးတယ်
ဘယ်လိုအရာတွေမျိုချခဲ့သလဲ
ဘယ်လိုရာသီဥတုမှာနေထိုင်နေသလဲ
ဘယ်လိုစက်ရုံတည်ဆောက်မှာလဲ…….။

ညလယ်မိုး

(၁၉၉၅-တုန်းကရေးထားတဲ့ ကဗျာလေးပါ နည်းနည်းပြန်မွန်းမံထားပါတယ်...)

Photo: vehicle-tracking.com

No comments: