Sunday, January 17, 2010

လေညင်းကလေး (မောင်ဒီ)




လေညင်းကလေး

မင်းဟာ ဧမြအောင်လဲ လုပ်ပေးတယ်
ငါတို့ ခံစားရတယ်
နှလုံးသားက တဆင့်ပေါ့။

မင်းမှာ အဆင်းလဲရှိတယ်
ငါတို့ မြင်ရတယ်
တိမ်စိုင်လေးတွေက တဆင့်ပေါ့။

မင်းဟာ စကားလဲ ပြောတတ်တယ်
ငါတို့ ကြားရတယ်
သစ်ရွက်ကလေးတွေခတ်သံက တဆင့်ပေါ့။

ဒါပေမဲ့ မင့်ရဲ့မျက်နှာကိုတော့
ဘယ်ခါမှ မပြဘူး
ငါတို့ရဲ့ မေတ္တာတရားကို
မုန်းတီးလို့လားကွယ်။ ...။

မောင်ဒီ

(ဆရာ) မောင်ဒီ ရဲ့ နာမည်ကြီး ပန်းချီကား နဲ့ ကဗျာ ဖြစ်ပါတယ်။
ခေတ်ပြိုင်အနုပညာ ၁ စာအုပ်မှ ကူးယူပါတယ်။
.

No comments: