Friday, December 4, 2009

ခင်ဝမ်း ရဲ့ ပန်းချီကား ၈ ချပ်

သီချင်းရေးဆရာ အဆိုတော် ခင်ဝမ်း၊ ကဗျာဆရာ ခင်ဝမ်း၊ စိတ္တဇပန်းချီ စာအုပ်ရေးခဲ့သူ ခင်ဝမ်း၊ မြန်မာ့ခေတ်ပြိုင်ပန်းချီရဲ့ ရှေ့ဆောင် တဦးဖြစ်တဲ့ ပန်းချီဆရာခင်ဝမ်း။ သူ့ရဲ့ ပန်းချီကားတွေကို ခုနေကြည့်ဖို့ မလွယ်ပါဘူး။

သူ့အကြောင်း၊ သူ့အမှတ်တရ၊ သူ့ပန်းချီကား ၂ ချပ်ကိုတော့ မမေ ရဲ့  My Emotional Corner Blog မှာ တွေ့နိုင်ပါတယ်။

သူ့ ပန်းချီကားတွေ အပြင်မှာ ကြည့်ချင်ရင်တော့ ဗိုလ်ချုပ်ဈေးဘေးက FMI Centre မှာတော့ တွေ့နိုင်ပါသေးတယ်။ ဆိုင်ခန်းတွေရှိတဲ့ အထပ်မှာတော့ မဟုတ်ပါဘူး။ အပေါ်ဆုံးထပ်က ရုံးခန်းတွေကို ဓာတ်လှေကားနဲ့ တက်သွားလိုက်ပါ။ ကော်ရစ်ဒေါ ပတ်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ ခင်ဝမ်း ပန်းချီကားကြီး ၈ ချပ်ကို တွေ့ရမှာပါ။

မှုတ်ဆေးလက်ရာတွေ ဖြစ်ပြီး၊ သူ့ရဲ့ နောက်ဆုံးလက်ရာတွေလို့ ပြောလို့ရပါတယ်။ အဲဒီကားတွေ ဆွဲပြီး မကြာခင်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားတာလို့ မစုချစ်သူ က ပြောပြဖူးပါတယ်။

ဆေးနဲ့ မှုတ်တဲ့ ကားကြီးတွေ အပြင် ပုံစံငယ်ဆွဲထားတဲ့ ကားလေးတွေလည်း ရှိပါတယ်။ မိုင်းကိုင်စက္ကူပေါ်မှာ ဆွဲထားတယ် ထင်ပါတယ်။ ကျွန်တော့်မှာ ကားလေး ၆ ကားနဲ့ ကားကြီး ၈ ကားလုံးရဲ့ ဓာတ်ပုံတွေရှိပါတယ်။ ကားလေးတွေ ဓာတ်ပုံတွေက ပိုကြည်လို့ ကားလေးတွေပုံရယ်၊ ကားလေးမရှိတဲ့ ကားကြီး ၂ ကားရယ် တင်ပေးလိုက်ပါတယ်။

ဓာတ်ပုံတွေအတွက် ကိုအောင်မျိုးခန့် နဲ့ တင်မျိုးထက်တို့ကို ကျေးဇူး အထူးတင်ပါတယ်။


မြန်မာသင်္ကြန်ပွဲ



ကရင်ဒုံးယိမ်း


အင်းလေးလှေသမား


(နာမည်မသိပါ)


ရှမ်းကိန္ဒရာကပွဲ


ကချင်မနောပွဲ


ပဒေါင်အမျိုးသမီး


ချင်းမုဆိုး
.

3 comments:

အိန္ဒြာ said...

အကို ကူးသွားချင်တယ်..

မျှဝေပေးတာလည်း ကျေးဇူးတင်ပါတယ်

စကားမစပ်
ဘာတွေပါလာသေးလဲ...းP

MANORHARY said...

ပန်းချီကားတွေ ယူသွားပါတယ်
ကျေးဇူးပါ .......

B & A said...

ကြိုက်တယ်....ဖြစ်နိုင်ရင်...flash light မ၀င်တဲ့ ပုံတွေတင်ပေးပါလားအစ်ကို...