Wednesday, October 14, 2009

ဒဏ်


ဒဏ်

စိတ်ကူးချည်း သက်သက် လေလွင့်ခဲ့ကာမှ
တောင်ပံ တခြား ကိုယ်တခြား
ပြတ်ထွက်ခဲ့ ...
ငါတို့ အနာတရ ဖြစ်ခဲ့ခြင်းမှာ
နာရီလည်းမပါဘူး
ဒါလီလည်းမပါဘူး
တိမ်တွေလည်း ဘောင်းဘီမဝတ်ဘူး
ရေကလည်း အထက်တန်းမကျဘူး
ဘဝဆိုတာကို
နောက်ဆုံးပြာဖြစ်သွားလောက်တဲ့ အထိကလွဲလို့
ကျေညက်အောင် ငါ နားမလည်ခဲ့ဘူး
"ဒုက္ခ" က "ဒုက္ခ" ပဲ
တသားမွေး တသွေးလှလာတဲ့ အထိ
မပေါင်းချင်လည်း ပေါင်း
ပေါင်းချင်လည်း ပေါင်း ...
ကံတရား ကို နှုတ်လှန်ထိုးတတ်ရုံနဲ့တော့
ငါတို့ ...
တစ်မနက်စာ လေပိုရှူခွင့်မရနိုင်ဘူး
သေသွားတဲ့ နှလုံးသားတွေ ပြန်မရှင်နိုင်ဘူး
အေးစက်သွားတဲ့ ရင်ငွေ့တွေ ပြန်မနွေးဘူး
ထုံးစံအတိုင်း
စိတ်ကူးချည်းသက်သက်
လေလွင့် လိုက်ကြရုံပေါ့ ...
ဖြစ်ချင်တော့
ဒီနေ့လည်း
ဘုရားသခင်ကြွေအံ ရှုံးလာပြန်တယ်
ကိုယ့်လူ .......။

BLURRY
(၁၄ ဧပြီ ၂၀ဝ၉)

မြန်မာကျူးပစ်မှ ကူးယူဖော်ပြပါသည်။ 
Photo : commons.wikimedia.org

No comments: