Tuesday, October 27, 2009

ခပ်ဟောင်းဟောင်းကဗျာ

ခပ်ဟောင်းဟောင်းကဗျာ

အို ဟောင်း ရင့်ကျက် အရွယ်ရလာ old
ရင့်ကျက်ခြင်း cage လှောင်အိမ်ထဲမှာ အေးစက်စက် c-old
ရင့်ကျက်ခြင်း blunder အမှားများစွာ အရှက်မဲ့ b-old
ရင့်ကျက်ခြင်း folly ရူးသွပ်မှုတွေနဲ့ ငါ ခေါက်ရိုးကျိုး f-old
ရင့်ကျက်ခြင်း garbage အမှိုက်တွေ ကြာရင်ရွှေဖြစ် g-old
ရင့်ကျက်ခြင်း hallucination ထင်ယောင်ထင်မှား မာယာလောက အရိုးစွဲ h-old
ရင့်ကျက်ခြင်း money ပိုက်ဆံအတွက်နဲ့ တစ်ဘဝစာ မှိုတက်ခဲ့ m-old
ရင့်ကျက်ခြင်း slave အချိန်ရဲ့ကျေးကျွန် ရောင်းစားချ s-old
ရင့်ကျက်ခြင်း terminate အဆုံးသတ် ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောရစ် t-old

ကျေးဇူး
icy (၂၆-၇-၂၀ဝ၉)

(မြန်မာကျူးပစ်ဖိုရမ် မှ ကူးယူဖော်ပြပါသည်။)
.

No comments: