Thursday, September 10, 2009

ခင်ဝမ်းကဗျာ ၄ ပုဒ်

.


Green Hermony by Khin One
(Magic-Art Art Gallery)
 .
လမ်းပေါ်မှာ

လှလိုက်တာ၊ ငါ တီးတိုးဆိုမိ
ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ
လမ်းပေါ်မှာ ငါလျှောက်လှမ်းနေချိန်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။

ခင်ဝမ်း
(၁၉၉၃)
.
.
.
နှစ်ယောက်

မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် ...

သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် ...

တကယ်တော့ ... ကျွန်တော်ဟာ...
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..
ခင်ဝမ်း
(Credit to : emotionalcorner.blogspot.com)
.
.
.
ငွေမိုး

အိပ်မက်ထဲမှာ
ငွေမိုးလေး ရွာနေတယ်။

နိုးလာတော့ တကယ်ပဲ
ငွေမိုးလေး ရွာနေတယ်။  ။

ခင်ဝမ်း
(Credit to : smsy.mmwordpress.com)
.
.
.
မဟာသံခဂန္ဓာရီ
ပါလဇုတိအရသောဟုမေတ္တံ
လဒ္ဓတ္ထသေယျံပါရမေလာဘ။  ။
ခင်ဝမ်း
(မြန်မာပြန်)
အရောင်အဆင်းကိုစောင့်ရှောက်အပ်သော
ရန်သူကိုပယ်ပျက်တတ်သော
မေတ္တာနှင့်ယှဉ်သော
မဟာဂန္ဓာရီသည် ကျွန်ုပ်အား
မြင့်မြတ်သောအကျိုးစိးပွားတို့ရှိရာ
ကမ်းတစ်ဘက်သို့ ပေးအပ်ပါစေသတည်း။  ။
.
(Credit to : မနော်ဟရီ)
.

5 comments:

မေငြိမ်း said...

ကိုခင်ဝမ်းကို ကဗျာတွေ သိပ်မကြိုက်.. ပန်းချီနဲ့ သီချင်းတွေ ပိုကြိုက်... သူ ကဗျာရေးတဲ့ အတွေးမျိုးဆိုရင် မောင်သိန်းဇော်ကို ပိုကြိုက်တယ်။

MANORHARY said...

ခင်ဝမ်း ကဗျာတစ်ပုဒ်ရှိတယ် နောက်မှ ပို့ပေးလိုက်ဦးမယ် ။

MANORHARY said...

မဟာသံခဂန္ဓာရီ
ပါလဇုတိအရသောဟုမေတ္တံ
လဒ္ဓတ္ထသေယျံပါရမေလာဘ။ ။
ခင်ဝမ်း
(မြန်မာပြန်)
အရောင်အဆင်းကိုစောင့်ရှောက်အပ်သော
ရန်သူကိုပယ်ပျက်တတ်သော
မေတ္တာနှင့်ယှဉ်သော
မဟာဂန္ဓာရီသည် ကျွန်ုပ်အား
မြင့်မြတ်သောအကျိုးစိးပွားတို့ရှိရာ
ကမ်းတစ်ဘက်သို့ ပေးအပ်ပါစေသတည်း။ ။

tin min htet said...

မနော်ရေ
ခင်ဝမ်း ပါဠိလိုရေးထားတာ ဖတ်ဖူးတယ်ပြောမလို့ ..
(ကျေးဇူးပါပဲ ကဗျာ ၄ ပုဒ်လို့ ပြင်လိုက်မယ်)

ဟုတ်တယ် တီချယ်ကြီး သူ့ သီချင်းတွေကတော့
စာသား သိပ်လှတာ ..
(ဒါပေမဲ့)
နင့်ကိုငါ ချစ်နေတုန်းပဲ မိနီ
နင့်ကိုငါ မုန်းလို့မရသေးဘူး .. နဲ့တင်
သီချင်း တပုဒ် ပြီးသွားတာလည်း ရှိတယ်။
သူကတော့ သူလုပ်ချင်တာ လုပ်ရဲတဲ့ သူ မဟုတ်လား။

may11 said...

http://www.apytz.org/index.php/65/3320.html

တောင်စဉ်တောင်တန်းတွေ မြူခြေအုံမှိုင်းဝေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ


ကျွန်တော်ဟာ အခြေအမြစ်မရှိတဲ့ တောဘဲတစ်ကောင်အုပ် ပေါ့ ၊
ကျွန်တော်တို့ရဲ့ ငွေဖြူတွေကို ငွေမည်း အဖြစ် ပြောင်းလဲ
အိပ်မက်နှစ်ခုဟာ ညတစ်ည ဖြစ်လာခဲ့တယ် ။
အပျက် အဆက်တွေ တောက်ခဲ့ရတဲ့ ကြားထဲမှာ
ခွေးသားတံဆိပ် ခဲတံကြီးဟာ ကွန်ပျူတာကီးဘုတ်လေးနဲ့
အစားထိုး
ဒါရိုးရိုးဇာတ်လမ်း မဟုတ်ဘူးလို့ ဆိုကြပြန်ရော
တရားက လိုအပ်တာ မဟုတ်ပဲ တရားကို လိုအပ်ခြင်း ဖြစ်သောအခါ
မည့်သူကိုမျှ မည်သူကမှ ကူကယ်မခြင်း
များကို လေ့လာမည်
များကို ပစ်ပယ်မည်
အခြေအနေအရပ်ရပ်ကို တစ်ရောင်တည်း ရွေးချယ်ကာ တစ်ရောင်တည်း ရေးချယ်ခဲ့ပါလျှင်
ပညာတက်များသည် အထွေထွေ အပြားပြား ဖြစ်တက်ချေရာ
ကံကြမ္မာငင် ၀ါကျဆင်များ အတွက်
စွမ်းရည်ပင် လိုအပ်လေရာ စွမ်းရည်ကို အသိအမှတ်ပြုခြင်းပင် လိုအပ်ပေသည် ။
သူတို့၏ အမြင်ရသော် မမြင်ရသော် ကောင်း၏။
အခြေအမြစ်မရှိတဲ့ ငွေဖြူတွေကို ညတစ်ညဟာ တောဘဲတစ်အုပ်ရဲ့ ငွေမဲတွေအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ကျွန်တော်ရဲ့ အိပ်မက်နှစ်ခုမှာ တောဘဲတစ်ကောင်က…..။