Monday, September 7, 2009

အချစ်ဆိုတာ


 .

 အချစ်ဆိုတာ
.
အချစ်ဆိုတာ -
လိပ်လိုပါပဲ။
.
ကိုယ့်ဘက်ကိုယ်ယက်ကြတယ်။
ကိုယ်ကျွမ်းကျင်ရာရေထဲသာ ကူးလွန့်တတ်ကြပြီး
ကုန်းခေါင်ခေါင်မှာဆို ရှေ့မရောက်တော့ဘူး။
အသံကလေးကြားရင် ကြောက်လွန်းလို့
အေးအေးဆေးဆေး အခွံထဲခွေနေချင်တယ်။
ညသန်းခေါင် လူမသိသူမသိ နိုးနေတတ်တယ်။
ငြိမ်နေတယ်လို့ထင်ရပေမယ့် ဖြည်းဖြည်းလေး တွားသွားနေတာ။
ဦးတည်ရာဘက်ကိုပဲ မြင်တတ်ပြီး
အသံဆူဆူတွေကို မကြိုက်ဘူး။
.
တကယ်ပါ။
.
အချစ်ဆိုတာ
လိပ်လိုပါပဲ။
.
.
တစ်ခါတစ်ခါ
ပက်လက်လန်တတ်တယ်။
.
botchan
.
(မြန်မာကျူးပစ်မှ ကူးယူ ဖော်ပြပါသည်။)
photo: www.logarithmic.net

.

3 comments:

MANORHARY said...

ဒါသည်လည်း လက်တမ်းပုံပြင်တစ်ပုဒ်ပေါ့...း)

botchan said...

ကိုယ်တွေ့ပုံပြင်လို့ပြောရင် ပိုမှန်မလားပဲနော့် :)

nelay said...

... မှန်တယ်မှန်တယ် ... ရင်ဘတ်ချင်တင်မဟုတ်ဘူး ကိုယ်တွေ့ချင်းပါချိတ်မိတယ် ... ။။ (: