Thursday, August 27, 2009

ငါကောင်းကင်




ငယ်ငယ်က
ကျွန်တော့်ကောင်းကင်ကြီးဟာ
ပိုပြီး ပြာတယ်
ကမ္ဘာမြေပြင် မလင်းတလင်း
ခပ်ပါးပါး တောအုပ်စားပွဲခင်းလေး
ပိုပြီး စိမ်းတယ်
စမ်းရေနဲ့အပြိုင်တီးတဲ့
နှောင်ကြိုးမဲ့ငှက်တို့ရဲ့ ဂီတသဘင်
ပိုပြီး လွင်တယ်
အခုတော့
နာရီတစ်လုံးက တိတ်တဆိတ်ခိုးယူသွား
ပုပ်သိုးခဲ့ ပျိုမျစ်ခြင်း ပန်းသီးများ
အပြာက မပြာ
အစိမ်းက မစိမ်း
အချိုက မချိုနဲ့
ကောင်းကင်အတုစစ်စစ်လုံးလုံးကြီးသာ
ငါအဖြစ် ချန်ရစ်ကြ

icy
(၂၃-၅-၂ဝဝ၉)

(မြန်မာကျူးပစ်ဖိုရမ် တွင် ဖော်ပြခဲ့သည်။)
(Painting: Andy Warhol)
.

2 comments:

ဇော် said...

သိပ်လှလို့
လင့်ပါရစေ ခင်ဗျာ။ =]

nelay said...

အရမ်းကို လွှင့်မျောခွင့်ပြုပါဗျာ ..........