Tuesday, July 21, 2009

စံပယ် လမ်း အော်သံ


 photo: www.indiamart.com

ပထမဆုံးရတဲ့ငွေကို
အမေယူတော့မျက်ရည်တွေပါးမှာရွှဲရွှဲစို
ရင်ထဲမှာတောင်တွေပြို
သား
ချွေးတွေငိုနေတယ် ...
လွန်ခဲ့သောငါးနှစ်လောက်က
ကောင်းကင်မှာတိမ်ကြည်ခဲ့သလား
မီးပွိုင့်တွေနီလျှက်သားမို့
အသက်မပြည့်ခင်အလုပ်ရတဲ့နိုင်ငံရှား
စံပယ်တွေကြိုးကိုအလုအယက်ဖက်တွယ်
ကျမှာစိုးတဲ့မျက်ရည်ငယ်တွေ
မှန်တံခါးတွေပိတ်
စံပယ်နံ့မခံနိုင်တဲ့ ထိုထိုလူတွေ
မျက်ရည်မဝယ်ဘူး
မျက်နှာငယ်နဲ့မီးပွိုင့်ဟာလဲ အဖန်တစ်ရာ
အစိမ်းရောင်သန်းပြန်တယ် ...
ဝူးးးးးးးးးးးးးးးးးးးးး
စံပယ်တွေဗိုက်ထဲမှာ ရနံ့ဆာလို့အော် ...
တကယ့်လူတွေထဲက ကလေးငယ်အစစ် ...
ဒါနဲ့ပဲ ...
ရန်ကုန်မီးပွိုင့်ကလဲ
တသက်လုံး ဝါလို့မဆုံးနိုင်တော့ဘူး ။ 

nelayne

(၂၀ဝ၉၊ မြန်မာကျူးပစ်မှ ကူးယူပါသည်။)

No comments: