Showing posts with label BLURRY. Show all posts
Showing posts with label BLURRY. Show all posts

Wednesday, October 14, 2009

ဒဏ်


ဒဏ်

စိတ်ကူးချည်း သက်သက် လေလွင့်ခဲ့ကာမှ
တောင်ပံ တခြား ကိုယ်တခြား
ပြတ်ထွက်ခဲ့ ...
ငါတို့ အနာတရ ဖြစ်ခဲ့ခြင်းမှာ
နာရီလည်းမပါဘူး
ဒါလီလည်းမပါဘူး
တိမ်တွေလည်း ဘောင်းဘီမဝတ်ဘူး
ရေကလည်း အထက်တန်းမကျဘူး
ဘဝဆိုတာကို
နောက်ဆုံးပြာဖြစ်သွားလောက်တဲ့ အထိကလွဲလို့
ကျေညက်အောင် ငါ နားမလည်ခဲ့ဘူး
"ဒုက္ခ" က "ဒုက္ခ" ပဲ
တသားမွေး တသွေးလှလာတဲ့ အထိ
မပေါင်းချင်လည်း ပေါင်း
ပေါင်းချင်လည်း ပေါင်း ...
ကံတရား ကို နှုတ်လှန်ထိုးတတ်ရုံနဲ့တော့
ငါတို့ ...
တစ်မနက်စာ လေပိုရှူခွင့်မရနိုင်ဘူး
သေသွားတဲ့ နှလုံးသားတွေ ပြန်မရှင်နိုင်ဘူး
အေးစက်သွားတဲ့ ရင်ငွေ့တွေ ပြန်မနွေးဘူး
ထုံးစံအတိုင်း
စိတ်ကူးချည်းသက်သက်
လေလွင့် လိုက်ကြရုံပေါ့ ...
ဖြစ်ချင်တော့
ဒီနေ့လည်း
ဘုရားသခင်ကြွေအံ ရှုံးလာပြန်တယ်
ကိုယ့်လူ .......။

BLURRY
(၁၄ ဧပြီ ၂၀ဝ၉)

မြန်မာကျူးပစ်မှ ကူးယူဖော်ပြပါသည်။ 
Photo : commons.wikimedia.org

သန့်ရှင်းသော စာမျက်နှာ



သန့်ရှင်းသော စာမျက်နှာ

ဒီမှာ ...
အပျင်းပြေဖတ်တဲ့ စာမျက်နှာကို
စိတ်တစ်ခုလုံး ကျွံဝင်သွားစရာမလိုဘူး ...

ခြေတစ်လှမ်းနောက်ပြန်ဆုတ်
ကိုယ့်ဒီဂရီ ကိုယ်ပြန်ချလို့
မှားချင်လည်းမှားလို့ရတယ်
မှန်ချင်လည်းမှန်လို့ရတယ်
ကျောက်ခေတ်မှာတော့ သူလိုကိုယ်လို
အရှက်တရားကင်းလို့ရတယ် ...

ပျံနိုင်သလောက်ပဲ တောင်ပံဖြန့် ...
ဘယ်ငှက်မှ လေထီးဆောင်ခွင့်မရှိဘူး ...
မပြေးနိုင်တဲ့ အခါလည်းဖြေးဖြေးလျှောက်ပေါ့ ...
စိတ်ကူးတွေ နှေးကွေးလာသ၍
ဤ ခရီး ဝေး ... ဝေး ...

နာတတ်ရင်တော့နာပေါ့
ဒီလို ဗလာသက်သက်ရှိတဲ့ အာရုံနဲ့တော့
ဒီကဗျာလည်း လာမဖတ်နဲ့
ဘာမှကို တွေ့ရမှာ မဟုတ်ဖူး ...

တစ်ခုတော့ရှိတယ် ...
အပျင်းပြေဖတ်နေတဲ့ စာမျက်နှာကို
စိတ်တစ်ခုလုံး ကျွံဝင်သွားစရာမလိုဘူး ...

BLURRY
.
မြန်မာကျူးပစ်မှ ကူးယူဖော်ပြပါသည်။ 
Photo : windgrove.com